Friends are forever

သူငယ်ချင်းကောင်းဆိုတာဘဝမှာအရမ်းအရေးပါပါတယ်
ကျွန်တော်ဘဝထဲကအကောင်းဆုံး၊အထက်မြက်ဆုံး၊အထင်ကြီးရဆုံး
သူငယ်ချင်းတစ်ယောက်အကြောင်းပါ..................


အချိန်တွေသာဘယ်လိုကြာကြာခင်မင်မှုကဝေဝါးသွားခဲ့ပါ..


ကျွန်တော်ရဲ့ပညာရေးမှာ သူမရှိရင်ကျောင်းတောင်မတက်ရဲတော့
လောက်အောင်စာရှင်းပြ၊Notes ထုတ်ပေးအကောင်းဆုံးအထောက်
အကူပေးခဲ့တဲ့သူငယ်ချင်းကောင်းပါ.......


သူဟာကျွန်တော်အတွက်တော့ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်ပါ...
မိဘမောင်နှမတွေအပေါ်မှာသိတက်တဲ့..အမျိုးတွေအားလုံးအပေါ်တာဝန်ကျေလှ
တဲ့သူဟာတကယ်တော့ ကဗျာတစ်ပုဒ်ပါ....



သူ့ အမျိုးသားရှိတဲ့မလေးရှားကိုလိုက်နေရင်း ရန်ကုန်ကဆွေမျိုးတွေ
အတွက်အလုပ် ကြိုးစားရတော့ပင်ပန်းတာရယ်၊Quality Assurance
Auditor ဆိုတော့ ခရီးအရမ်းသွားရတာရယ်ကြောင့် သူ့ ရဲ့ကလေးMiscarriage
ဖြစ်သွားခဲ့ရတယ်လိုသိရတော့ကျွန်တော်တိုအားလုံးစိတ်မကောင်းကြပါ.
..သူအရမ်းမျှော်လင့်ထားတာလေ..မိုးစဲရင်တော့နေသာလာမှာ
ပါသူငယ်ချင်း...


သူ့ နာမည်လေးပါ
ဒါပေမဲ့သူ့ ကိုစိတ်ဆိုးမိတာတော့ရှိပါတယ်...သူ့ လို့ ကောင်းမွန်တဲ့သူငယ်ချင်းတွေ
ဘဲတွေ့ ခဲ့ရတော့လက်တွေ့ ဘဝမှာတွေ့ နေရတဲ့ Greedy Bear တွေကိုဘယ်လို
ဆက်ဆံရမှန်းမသိတော့လို့ ပါ....

သူ့ အကြောင်းတွေးမိရင်းနားထောင်ဖြစ်တဲ့သီချင်းတွေ...
သူနဲ့ ကျွန်တော်က ကျောင်း( ၃)ကျောင်းမှာအတူတူတက်ခဲ့ကြပါတယ်..
Padamya Building ရှေ့ ကဖြတ်တိုင်းသတိရမိတယ်.ကျောင်းတုံးက
အချိန်တွေကို....


 ...........
နွေရာသီကတော့တိတ်တိတ်ကလေးနှုတ်ဆက်ထွက်ခွာ
သွားပါပြီ၊Autumn ဆိုပေမဲ့တစ်ပတ်လုံးနေမမြင်ရတော့ပါ၊
ပျံလွှားငှက်တွေခရီးနှင်ကုန်ကြပါပြီ။အပူပိုင်းဒေသကလာ
တဲ့ကျွန်တော်ကတော့အုံ့ မှိုင်းနေတာကိုမခံစားနိုင်ပါ။
နွေရာသီရဲ့ တောက်ပတဲ့ပုံရိပ်လေးတွေပါ...











နွေကိုသတိရနေချိန်မှာဘဲမနက်ဖြန် Typhoon Melor ဝင်မယ်တဲ့..

သီတင်းကျွတ်ပြီ

ကျွန်တော်ဆီမှာတော့လပြည့်နေ့ ကိုရောက်ပြီနော်ရန်ကုန်မှာတော့အဖိတ်
နေ့ ညပေါ့..မေမေရဲ့ အိမ်လေးကိုအရမ်းသတိရသွားတယ်၊လပြည့်ညမှာ
ဆိုတအိမ်လုံးနေရာအစုံမှာဖယောင်းတိုင်မီးတွေထွန်းခဲ့ကြတယ်နော်။သစ်ပင်
တွေအောက်မှာပါဖယောင်းတိုင်တွေလိုက်ထွန်းနေတဲ့အဖေပုံရိပ်တွေကိုပြန်
မြင်နေမိတယ်။ခုတော့အဖေရော၊ကိုချစ်ရောမရှိတော့နော်..ကျန်တဲ့သား
တွေကလည်းတနေရာဆီမှာဆိုတော့အမေအာလုံးကိုပိုသတိရနေမှာလား၊
ဒါမှမဟုတ်ပိုပြီးတရားမှတ်နေမလား...

အဖိတ်နေ့ ညမှာရပ်ကွက်ထဲကကာလသားတွေမနက်အာရုဏ်ဆွမ်းအတွက်ပြင်
ဆင်ရင်း(ခုတော့ဒီဓလေ့ရှိသေးလားမသိ)ဖွင့်ထားလေ့ရှိတဲ့သီချင်းတွေကို
You Tube ကရှာပြီးတင်လိုက်တယ်ခင်ဗျာ..........