Friends are forever

သူငယ်ချင်းကောင်းဆိုတာဘဝမှာအရမ်းအရေးပါပါတယ်
ကျွန်တော်ဘဝထဲကအကောင်းဆုံး၊အထက်မြက်ဆုံး၊အထင်ကြီးရဆုံး
သူငယ်ချင်းတစ်ယောက်အကြောင်းပါ..................


အချိန်တွေသာဘယ်လိုကြာကြာခင်မင်မှုကဝေဝါးသွားခဲ့ပါ..


ကျွန်တော်ရဲ့ပညာရေးမှာ သူမရှိရင်ကျောင်းတောင်မတက်ရဲတော့
လောက်အောင်စာရှင်းပြ၊Notes ထုတ်ပေးအကောင်းဆုံးအထောက်
အကူပေးခဲ့တဲ့သူငယ်ချင်းကောင်းပါ.......


သူဟာကျွန်တော်အတွက်တော့ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်ပါ...
မိဘမောင်နှမတွေအပေါ်မှာသိတက်တဲ့..အမျိုးတွေအားလုံးအပေါ်တာဝန်ကျေလှ
တဲ့သူဟာတကယ်တော့ ကဗျာတစ်ပုဒ်ပါ....



သူ့ အမျိုးသားရှိတဲ့မလေးရှားကိုလိုက်နေရင်း ရန်ကုန်ကဆွေမျိုးတွေ
အတွက်အလုပ် ကြိုးစားရတော့ပင်ပန်းတာရယ်၊Quality Assurance
Auditor ဆိုတော့ ခရီးအရမ်းသွားရတာရယ်ကြောင့် သူ့ ရဲ့ကလေးMiscarriage
ဖြစ်သွားခဲ့ရတယ်လိုသိရတော့ကျွန်တော်တိုအားလုံးစိတ်မကောင်းကြပါ.
..သူအရမ်းမျှော်လင့်ထားတာလေ..မိုးစဲရင်တော့နေသာလာမှာ
ပါသူငယ်ချင်း...


သူ့ နာမည်လေးပါ
ဒါပေမဲ့သူ့ ကိုစိတ်ဆိုးမိတာတော့ရှိပါတယ်...သူ့ လို့ ကောင်းမွန်တဲ့သူငယ်ချင်းတွေ
ဘဲတွေ့ ခဲ့ရတော့လက်တွေ့ ဘဝမှာတွေ့ နေရတဲ့ Greedy Bear တွေကိုဘယ်လို
ဆက်ဆံရမှန်းမသိတော့လို့ ပါ....

သူ့ အကြောင်းတွေးမိရင်းနားထောင်ဖြစ်တဲ့သီချင်းတွေ...
သူနဲ့ ကျွန်တော်က ကျောင်း( ၃)ကျောင်းမှာအတူတူတက်ခဲ့ကြပါတယ်..
Padamya Building ရှေ့ ကဖြတ်တိုင်းသတိရမိတယ်.ကျောင်းတုံးက
အချိန်တွေကို....


5 comments:

mae said...

ပုံလေးတွေ လှတယ်

သူငယ်ချင်းအတွက် တကယ်စိတ်မကောင်းပါဘူး

စိမ်း... said...

အဲ့ဒီလို ဘ၀တစ်လျှောက်လုံး စိတ်ချယုံကြည်နေရတဲ့ သူငယ်ချင်းတစ်ယောက်ရှိနေတာ ဂုဏ်ယူစရာပါ... :)

Angel Shaper said...

သူငယ်ချင်းကောင်း ပိုင်ဆိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဖို့ သိပ်ကောင်းတာပေါ့နော်။
အကို့ သူငယ်ချင်းကောင်းလေးနေ့သစ်တိုင်းမှာ နေသာလို့ အဆင်ပြေပျော်ရွှင်ပါစေ။
ပုံလေးတွေ အရမ်းလှတယ်။

အိမ့်ချမ်းမြေ့ said...

သားသမီးဆုံးပါးရတာ ဘယ်လောက်ကြေကွဲဝမ်းနည်းစရာကောင်းသလဲဆိုတာ ဆုံးရှုံးဖူးတဲ့ မိဘတွေကတော့ သိကြပါလိမ့်မယ်...

သူငယ်ချင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ပိုစ်တင်ပေးတဲ့ စာရေးသူကိုလည်း လေးစားပါတယ်။

Unknown said...

Just to share a poem.....

Why GOD Gave Us Friends

GOD knew that everyone needs
Companionship and cheer,
He knew that people need someone
Whose thoughts are always near.

He knew they need someone kind
To lend a helping hand.
Someone to gladly take the time
To care and understand.

GOD knew that we all need someone
To share each happy day,
To be a source of courage
When troubles come our way.

Someone to be true to us,
Whether near or far apart.
Someone whose love we'll always
Hold and treasure in our hearts.

That's Why GOD Gave Us Friends!

Micky