Tomato!!!

Is it Fruit or Vegetable?


အိမ်အလွမ်း

အိမ်အလွမ်း
အားလုံးနီးပါးကထူးအိမ်သင်ရဲ့ အမေ့အိမ်ကိုပိုကြိုက်ကြတယ်..
ကျွန်တော်ကတော့အိမ်ကိုသတိရရင်ဒီသီချင်းကိုပိုသတိရမိတယ်....
..............






ခိုင်ထူး

အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျ စတစ်ညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

I miss Tropical sunlight


Sleepy Mountains


Sleepy city under the snow

 Sleepy Forest

2009 Transcript ( II )

မင်းသန့် အကြိုက်ဆုံး Movies,Drama,documentary
နွေရာသီတလျှောက်လုံးတော်တော်ကြည့်ဖြစ်ပါတယ် ဒီထဲကအနှစ်သက်ဆုံးတွေပါ...
ကားအဟောင်းတွေလဲပါ ပါတယ်...

John Adams 


HBO ကအတွဲ ရ တွဲကားပါ၊သူငယ်ချင်းတစ်ယောက်က သူတို့ နိုင်ငံအကြောင်းသိချင်ရင်ကြည့် ပါဆိုပြီးပေးလာလို့ခပ်ပျင်းပျင်းနဲ့ စကြည့်တာကနေအရမ်းကြိုက်သွားပါတယ် ..အမေရိကန်ဒုတိ ယမြောက်သ မတရဲ့ အကြောင်းဆိုလို့ ရသလို..နိုင်ငံတစ်ခုရဲ့ ရုန်းကန်ခဲ့ရတဲ့အပိုင်းတွေအကြောင်းပေါ့အပိုင်း ရ ပိုင်းရဲ့  ခေါင်းစဉ်တွေကကိုသမိုင်းကိုပြောပြနေသလိုပါဘဲ.......

Part 1: Join or Die

Part 2: Independence

Part 3: Don't Tread on Me

Part 4: Reunion

Part 5: Unite or Die

Part 6: Unnecessary War

Part 7: Peacefield

သမိုင်းကြောင်းကြည့်သာမကမိသားစု Conflict တွေကိုပါတင်ပြသွားတာတွေ့ရပါတယ်..တိုင်းပြည်အ တွက်တာဝန်ကျေပေမဲ့မိသားစုအနေနဲ့ ကတော့ ပေးဆပ်လိုက်ရတာတွေကကော.........နိုင်ငံတိုင်းခေတ် တိုင်းမှာရှိတဲ့ နိုင်ငံရေးသမားဆိုသူစားဖားကြီးတွေကိုတွေ့ ရတော့လဲ...အင်းးးးးး ဒုတိမြောက်သက်တမ်း ရွေးပွဲမှာရှုံးနိမ့်သွားချိန်မှာထွက်ခွာပုံလေးကလဲ ထိမိစေပါတယ်......အောက်က Theme လေးကိုလည်းအ ရမ်းကြိုက်တယ်........



ကြိုက်နှစ်သက်သောအခြားကားများ...........

YISAN


The Painter of the Wind 


IRIS


Valkyrie (film)


Hana Yori Dango


Red Cliff (film)


Thousand Years of Love


2009 Transcript( 1)

၂၀၀၉ ကတော့ကုန်သွားခဲ့ပါပြီ..ဒီ Transcript လေးကတော့ ၂၀၀၉ နဲ့ ပက်သတ်ပြီး
မှတ်သားမိတဲ့မှတ်တမ်းလေးပေါ့.............

မင်းသန့် အကြိုက်ဆုံး Blog များ

အိမ့်ချမ်းမြေ့
မြန်မာစကားပြေအရမ်းနိုင်နင်းပါတယ်..သူ့ စာတွေမှာစေတနာကိုတွေရပါတယ်.......
နောက်ဆုံးတင်ထားတဲ့အိမ်ခြေမဲ့ တစ်ယောက်အကြောင်း
ဖတ်ရတော့ဘာသာပြန်အရမ်နိုင်နင်းပြီး ဆရာမောင်ထွန်းသူနောက်ပိုင်းလစ်ဟာနေတဲ့
Classic တွေဘာသာပြန်နိုင်တဲ့လူတွေ့ ပြီလို့ အားတက်မိပါတယ်.........

ကိုယ်တွေ့ ဘဝမှတ်တမ်းတွေဆိုပေမဲ့စာဖတ်သူကိုဆွဲဆောင်မှုအပြည့်ပေးပါတယ်..ဆ
ရာကြီးသော်တာဆွေကိုသတိရစေပါတယ်.....ခုတလောစာရေးကျဲနေပါတယ်......

ရှေးမြန်မာ

မြန်မာရှေးဟောင်းသမိုင်းဆိုင်ရာများနဲ့ နိုင်ငံတကာပြတိုက်တွေမှာ အမြတ်တနိုးတန် 
ဖိုးထားပြီးပြသထားတဲ့ မြန်မာ့ သမိုင်းဝင် အနုပညာပစ္စည်းတွေ နှဲ့အတူကျောက်စာ တွေကပြောတဲ့မှန်ကန်တဲ့သမိုင်းအထောက်အထား တွေကိုသာအဓိကထားပြီး တင်ပြ
ထားပါတယ်..စေတနာကိုအရမ်းလေးစားမိပါတယ်...................

နိုင်းနိုင်းစနေ
ပြောစရာမလိုပါအားလုံးကောင်းပါသည်ခင်ဗျားးးးး....................


ရွှေရတုမှတ်တမ်း 

ဘာတွေရေးမှန်းလဲမသိ..ဖြီးတာလားလဲမသိ...သူစာတွေဖတ်ရတာမြစင်္ကြာသိုက်

ပုံညွန်ပေါင်းဖတ်ရသလိုပါဘဲ......ဒါပေမယ့်ကျွန်တော်ကြိက်ကြိုက်အရမ်းကြိုက်..

............................