Every Rose has a thorn

တော်ဝင်တာက သဇင်ဆိုပေမယ့် ငယ်ငယ်တုံးကတည်းက စပယ်ဖြူဖြူကို
အချစ်ဆုံးပါ။ခြံဝင်းထဲက စပယ်ရုံတွေဆီက ပန်းရနံ့ လေးတွေကိုခုချိန်ထိ
သတိရနေမိ ပါသေးတယ်။နှင်းဆီတွေကိုရောဆိုတော့ နှင်းဆီပန်းတွေကိုလည်း
ချစ်ပါတယ် ဒါပေမဲ့ကြောက်ခဲ့မိပါတယ် ..အမေက ဘုရားပန်းတင်ဘို့ လုပ်ခိုင်း
တိုင်း နှင်းဆီပန်းဆို ဆူးစူးခံရတက်တော့ နှင်းဆီကိုလှပေမဲ့ ကြောက်နေမိပါတယ်။


ကဗျာတွေသင်ရတော့လည်း သူ့ ဆံနွယ်မှာနှင်းဆီပွင်နဲ့ ဂုဏ်တင့်တယ်လေး
ဆိုတော့ နှင်ဆီပန်းကိုဂုဏ်မြင့်သူပေါ့နော်။
ခုတော့လည်းကျွန်တော့်အတွေးတွေပြောင်းလာပါပြီ။နှင်းဆီပန်းလေးတွေကို
ရဲရင့်ခြင်းရဲ့ သင်္ကေတလို့  ထင်လာမိပါတယ်။ နှင်းဆီဆိုတာ ဆူးရှိမှပြည့်စုံ
တယ်လို့ ထင်လာမိပါတယိ။မွှေးပျံ့ တယ်၊လှပတယ်၊ကိုယ့်ကိုယ်ကိုကာကွယ်
နိုင်တယ်လို့ လေ။










နှင်းဆီပန်းတိုင်းလှနိုင်..မွှေးနိုင်ပါစေ..

ကြိုလင့်ခြင်း

ဆောင်းကုန်တော့မယ့်နော်၊ ဆောင်းတွင်းတစ်တွင်းလုံး နှင်းတွေ
ဖုံးနေတော့ပန်းတွေမမြင်ခဲ့ရပါ...ဒီနေရာလေးကအလေ့ကျပေါက်
တဲ့ပန်းခလေးတွေကအစအကုန်လှပါတယ်....Spring လာတော့
ရင်ပန်းလေးတွေပြန်ပွင့်တော့မယ်နော်......ဘဝဆိုတာလည်းဒီ
လိုပါဘဲ လှပတဲ့အချိန်လေးတွေရှိဦးမှပေါ့နော်.......