Every Rose has a thorn

တော်ဝင်တာက သဇင်ဆိုပေမယ့် ငယ်ငယ်တုံးကတည်းက စပယ်ဖြူဖြူကို
အချစ်ဆုံးပါ။ခြံဝင်းထဲက စပယ်ရုံတွေဆီက ပန်းရနံ့ လေးတွေကိုခုချိန်ထိ
သတိရနေမိ ပါသေးတယ်။နှင်းဆီတွေကိုရောဆိုတော့ နှင်းဆီပန်းတွေကိုလည်း
ချစ်ပါတယ် ဒါပေမဲ့ကြောက်ခဲ့မိပါတယ် ..အမေက ဘုရားပန်းတင်ဘို့ လုပ်ခိုင်း
တိုင်း နှင်းဆီပန်းဆို ဆူးစူးခံရတက်တော့ နှင်းဆီကိုလှပေမဲ့ ကြောက်နေမိပါတယ်။


ကဗျာတွေသင်ရတော့လည်း သူ့ ဆံနွယ်မှာနှင်းဆီပွင်နဲ့ ဂုဏ်တင့်တယ်လေး
ဆိုတော့ နှင်ဆီပန်းကိုဂုဏ်မြင့်သူပေါ့နော်။
ခုတော့လည်းကျွန်တော့်အတွေးတွေပြောင်းလာပါပြီ။နှင်းဆီပန်းလေးတွေကို
ရဲရင့်ခြင်းရဲ့ သင်္ကေတလို့  ထင်လာမိပါတယ်။ နှင်းဆီဆိုတာ ဆူးရှိမှပြည့်စုံ
တယ်လို့ ထင်လာမိပါတယိ။မွှေးပျံ့ တယ်၊လှပတယ်၊ကိုယ့်ကိုယ်ကိုကာကွယ်
နိုင်တယ်လို့ လေ။










နှင်းဆီပန်းတိုင်းလှနိုင်..မွှေးနိုင်ပါစေ..

3 comments:

sskyAw said...

woow, beautiful roses and photos!!!
I like second last photo most!!!

ဂျစ်တူး ( မုံရွာ ) said...

နှင်းဆီပန်းတွေလှလိုက်တာသူငယ်ချင်းရယ်- - -
ရိုက်ချက်တွေကလည်းပီပြင်ပဗျာ - - -
နင်ဘယ်ရောက်နေပါသလဲလို့ ထင်နေတာ - - -
နင်က နှင်းဆီ ခင်းတွေထဲရောက်နေတာကိုး - - -
ဘာလဲ နှင်းဆီ ကိုလေ့လာနေတယ်ပေါ့လေ - - -

အင်ကြင်းသန့် said...

ကိုမင်းသန့်ရေ...ရက်ရက်စက်စက်ကို လှပါ၏။ နှင်းဆီက ကျနော် အကြိုက်ဆုံးပန်းမို့ ပုံတွေကို အထက်အောက် စုန်ဆန် အပြန်ပြန်အလှန်လှန် ကြည့်သွားပါသည်။