တော်ဝင်တာက သဇင်ဆိုပေမယ့် ငယ်ငယ်တုံးကတည်းက စပယ်ဖြူဖြူကို
အချစ်ဆုံးပါ။ခြံဝင်းထဲက စပယ်ရုံတွေဆီက ပန်းရနံ့ လေးတွေကိုခုချိန်ထိ
သတိရနေမိ ပါသေးတယ်။နှင်းဆီတွေကိုရောဆိုတော့ နှင်းဆီပန်းတွေကိုလည်း
ချစ်ပါတယ် ဒါပေမဲ့ကြောက်ခဲ့မိပါတယ် ..အမေက ဘုရားပန်းတင်ဘို့ လုပ်ခိုင်း
တိုင်း နှင်းဆီပန်းဆို ဆူးစူးခံရတက်တော့ နှင်းဆီကိုလှပေမဲ့ ကြောက်နေမိပါတယ်။
ကဗျာတွေသင်ရတော့လည်း သူ့ ဆံနွယ်မှာနှင်းဆီပွင်နဲ့ ဂုဏ်တင့်တယ်လေး
ဆိုတော့ နှင်ဆီပန်းကိုဂုဏ်မြင့်သူပေါ့နော်။
ခုတော့လည်းကျွန်တော့်အတွေးတွေပြောင်းလာပါပြီ။နှင်းဆီပန်းလေးတွေကို
ရဲရင့်ခြင်းရဲ့ သင်္ကေတလို့  ထင်လာမိပါတယ်။ နှင်းဆီဆိုတာ ဆူးရှိမှပြည့်စုံ
တယ်လို့ ထင်လာမိပါတယိ။မွှေးပျံ့ တယ်၊လှပတယ်၊ကိုယ့်ကိုယ်ကိုကာကွယ်
နိုင်တယ်လို့ လေ။
နှင်းဆီပန်းတိုင်းလှနိုင်..မွှေးနိုင်ပါစေ..
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
-
အနောက်က ဆင်ထိန်းက တကယ်တော့ ဆင်ကြီးကို တွန်းတင်နိုင်တဲ့ခွန်အားလည်းမရှိသလို
တွန်းတင်ပေးနေတာလည်းမဟုတ်ဘူး
နောက်မှာ သူ့လက်တင်ပြီး " မင်းအနောက်မှာ ငါရှိတယ်
အ...
2 years ago