Yuki is coming


Yuki is coming

မနေ့ ကညကအရမ်းအေးမှန်းသိနေပေမယ့် Assignment ကိုက်
နေလို့ အပြင်ကို သတိမထားလိုက်မိပါ၊မနက်နိုးတော့လည်း စာဘဲ
ဆက်လုပ်နေမိတယ်၊အရမ်းအေးလို့ တံခါးကိုဖွင့်ကြည့်လိုက်တော့
အိမ်ရှေ့ ကတောင်တန်းမှာနှင်းဖုံးနေပြီ၊ညက -1 C ထိအေးသွား
 တယ်လို့ ပြောကြတယ်။


နှင်းကြားထဲမှနေရောင်လေး
အော် Yuki(Snow) ရယ်ဘာလို့ လာရတာလဲကွယ်၊မင်းလာ
တော့ကိုယ့်မှာ Heater ဘိုးထိတော့မယ်၊ရက်စက်လိုက်တာကွယ်



 နှင်းမိုးတွေ
 
 တစ်ညထည်းနဲ့ နှင်းဖုံးသွားတယ်

 နှင်းအောက်ကိုရောက်သွားပြီ
 
 မခွာနိုင်သေးသူ

နေရောင်မရှိတော့ပြီ

အနီးကတောင်တွေတော့နှင်းဖုံးကုန်ပြီ၊ရှေ့ အပတ်လောက်
ဆိုနှင်းပင်လယ်ကြီးဖြစ်တော့မယ်၊ဒီနှစ်ဆောင်းဝင်စော
တယ်နော်နေရောင်မရှိတဲ့ဆောင်းကာလကိုသဘောမကျ
မိတာတော့အမှန်ပါ....
 I miss Tropical Sun..........

3 comments:

ဒဏ္ဍာရီ said...

ဒဏ္ဍာရီက နှင်းတွေကို ချစ်တယ်။ အရမ်းအေးတာကိုလည်း သဘောကျတယ်။ အဲလိုနေရာလေးမှာ နေချင်တယ်။ ခဏဖြစ်ဖြစ်ပေါ့။
နေရောင်လွမ်းရင် စလုံးလာခဲ့ပေါ့။ ကမ်းခြေမှာ နေပူသွားခံလို့ ရတယ်လေ။း)

ခင်မင်လေးစားလျှက်

Waing said...

-1C ဆိုတော့ တော်တော်အေးမှာပဲနော် နှင်းကျတာ မမြင်ဘူးသေးဘူး ဒီမှာတော့ ၁၂လရာသီလုံးကို ပူအိုက်နေတာပဲ နှင်းကျတဲ့ပုံတွေကတော်တော်လေး လွမ်းဖို့ ဆွေးဖို့ကောင်းတယ် အပြင်မှာ မြင်ဖူးချင်သေးတယ်
ပျော်ရွှင်ပါစေ ကိုမင်းသန့်

ဂျစ်တူး ( မုံရွာ ) said...

အော်-----နှင်းတွေတောင်ကျနေပြန်ပြီကော-
Heater ထက်ကောင်းတာရှာထားလိုက်ရောပေါ့-
ခင်မင်စွာဖြင့်စသွားပါသည်။