အထီးကျန်လွမ်းချင်း

တစ်ခါတစ်လေထူးထူးခြားခြားကြီးကိုအထီးကျန်ခံစားရတယ်......
ဘေးမှာလူတွေအများ ကြီးရှိနေတာတောင်အထီးကျန်သလိုခံစားရတယ်ကွာ....


ကိုယ်စာထိုင်ဖတ်နေကျနေရာလေးကနေအပြင်ကိုငေးကြည့်လိုက်တော့ကောင်း
ကင်ကြီးရဲ့အောက်မှာပိုပြီးအထီးကျန်လာမိတယ်..နွေကုန်တော့မယ်နော်...
Autumn ပြီးရင်လာမည့် အေးစက်စက်Winter ကျရင်တစ်ယောက်ထည်း
ပိုဆိုးလာမလားကွယ်..ဘာကြောင့်လူတွေအထီးကျန်နေရတာလည်းနော်....

အင်းးး...ဆုံနိုင်ခွင့်နေရာလေးရှိခဲ့ပေမယ့် လွဲခဲ့ရတဲ့ ကံတွေကြောင့် အထီးကျန်နေရတာလား...

တစ်ချိန်ကအားလုံးပျော်ရွှင်ခဲ့တဲ့နေရာလေးမှာ အဝေးကိုအားလုံးထွက်ကုန်တော့
အတိတ်ခြေရာတွေထည်းမှာကိုယ်တစ်ယောက်ထည်းအထီးကျန်နေရတာလား.......

ရေစိမ်းမြေစိမ်းမှာတစ်ယောက်ထည်းမို့ အထီးကျန်နေရတာလား.......

ကိုယ်ကစောင့်စားနေပေမယ့် မလာတော့တဲ့သူ့ ကြောင့်များ အထီးကျန်နေရတာလား.......

သူကလာချင်ပေမယ့်ပေမဲ့ လက်ခံနိုင်စွမ်းအားမရှိတဲ့ကိုယ့်အဖြစ်ကြောင့်လား.....

ထားခဲ့တဲ့နေရာမှာလေးမှာတိတ်တိတ်လေး ကျန်ခဲ့ရလို့ အထီးကျန်နေရတာလား...
ကိုယ့်ကိုလိုအပ်နေတဲ့နေရာတွေရှိပေမဲ့..မသုံးချင်တဲ့သူတွေကြားမှာရောက်နေရလို့ 
အထီးကျန်နေရတာလား...
ကိုယ်ကတော့ ..ကိုယ်ကတော့...စည်ကားနေတဲ့ပတ်ဝန်းကျင်မှာတစ်ယောက်တည်းစာတိုက်ပုံး
လေးလိုတိတ်တိတ်လေး အထီးကျန်နေတယ်ကွယ်...


10 comments:

အနော် said...

ဓာတ်ပုံလေးတွေနဲ့ ရည်ညွှန်းစာလေးတွေရဲ့ တွဲဖက်မှုက အထီးကျန်မှုကို ပိုအားကောင်းစေတယ်
သဘောအကျဆုံးပုံက ခုံအဖြူလေး နှစ်ခုံပါပဲ
မြင်ရသလောက်တော့ နီးကပ်နေတယ် ထင်ရပေမဲ့ တေ့လွဲလေး လွဲနေပုံက ရုတ်တရက်အမြင်မှာကို တော်တော်လေး ခံစားရတယ် :(

အိမ့်ချမ်းမြေ့ said...

ဖတ်သူပါ လွမ်းဆွတ်ခြင်းကို ကူးစက်ခံလိုက်ရပါတယ်။ ဒီထက်အများကြီးဆက်ရေးနိုင်ပါစေလို့..

Yu Ya said...

ကောင်းလိုက်တဲ့ ရိုက်ချက် ကိုမင်းသန့်ရေ..

ဓာတ်ပုံလေးတွေနဲ့ ယှဉ်တွဲဖော်ပြချက်လေးတွေက အရမ်းနဲ့ လိုက်ဖက်လှပါတယ်ဗျာ။

အဆင်ပြေပါစေ။

ဆန္ဒမွန်ဖြင့်
yu ya

sskyAw said...

စာသားလေးတွေနဲ့ ပုံလေးတွေက လိုက်ဖက်လိုက်တာ .. ဒုတိယပုံလေးကို ကြိုက်တယ် :))

maylay said...

စာနဲ့ပုံက လိုက်ဖက်နေတာပဲ။ ဖတ်သူပါ လွမ်းသွားတယ်ကွ ။ စာတိုက်ပုံးလို ငှက်လို မနေချင်ပေါင်ကွယ် ခုံဖြူလေးလိုမျိုး တေ့လွဲလေးဆိုရင် သူ့ကို ကိုယ် မြင်နေရသေးတယ်နော်။ ( သေချာတာက အထီးကျန်တာ အမ မကျန်လို့ပဲ) စ သွားတယ်နော်။ သယ်ရင်းကျန်းမာပျော်ရွှင်ပါစေ

ShwunMi- said...

ဓာတ်ပုံခံစားမှုလေးပေါ့..
စာသားတွေက စာတိုက်ပုံးထဲ တကယ်ရောက်လာတဲ့စာတွေ ဖတ်ရသလိုပဲ.. ရင်းရင်းနှီးနှီးခံစားရပါတယ်..

Anonymous said...

ပုံနဲ့ စာသား လိုက်ဖက်လွန်းလို့ သနားတောင် သနားသွားတယ်ဗျာ... အဟီး... တကယ်မိုက်တယ်

Angel Shaper said...

ပုံနဲ့တကွ ရှင်းပြထားတဲ့ ခံစားချက်လေးတွေ ထပ်တူကျလို့ အောက်ဆုံးက သီချင်းလေး အူကြောင်ကြောင် လိုက်ညည်းဖြစ်တယ်။ အတွေးကောင်းလေးတွေအတွက် ပိုပြီးလေးစားမိပါတယ်။

mae said...

ွှအတွေးရော ပုံတွေပါ ခံစားသွားပါတယ်

အင်ကြင်းသန့် said...

အရေးနဲ့ ဓာတ်ပုံလေးတွေနဲ့က လိုက်ဖက်ညီလိုက်တာ..

ခင်မင်လေးစားလျက်
အင်ကြင်း