Tomato!!!

Is it Fruit or Vegetable?


အိမ်အလွမ်း

အိမ်အလွမ်း
အားလုံးနီးပါးကထူးအိမ်သင်ရဲ့ အမေ့အိမ်ကိုပိုကြိုက်ကြတယ်..
ကျွန်တော်ကတော့အိမ်ကိုသတိရရင်ဒီသီချင်းကိုပိုသတိရမိတယ်....
..............






ခိုင်ထူး

အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျ စတစ်ညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

I miss Tropical sunlight


Sleepy Mountains


Sleepy city under the snow

 Sleepy Forest