Autumn-I


 


 

A beautiful Mind

A beautiful Mind



Friends are forever

သူငယ်ချင်းကောင်းဆိုတာဘဝမှာအရမ်းအရေးပါပါတယ်
ကျွန်တော်ဘဝထဲကအကောင်းဆုံး၊အထက်မြက်ဆုံး၊အထင်ကြီးရဆုံး
သူငယ်ချင်းတစ်ယောက်အကြောင်းပါ..................


အချိန်တွေသာဘယ်လိုကြာကြာခင်မင်မှုကဝေဝါးသွားခဲ့ပါ..


ကျွန်တော်ရဲ့ပညာရေးမှာ သူမရှိရင်ကျောင်းတောင်မတက်ရဲတော့
လောက်အောင်စာရှင်းပြ၊Notes ထုတ်ပေးအကောင်းဆုံးအထောက်
အကူပေးခဲ့တဲ့သူငယ်ချင်းကောင်းပါ.......


သူဟာကျွန်တော်အတွက်တော့ပြီးပြည့်စုံတဲ့ပန်းချီကားတချပ်ပါ...
မိဘမောင်နှမတွေအပေါ်မှာသိတက်တဲ့..အမျိုးတွေအားလုံးအပေါ်တာဝန်ကျေလှ
တဲ့သူဟာတကယ်တော့ ကဗျာတစ်ပုဒ်ပါ....



သူ့ အမျိုးသားရှိတဲ့မလေးရှားကိုလိုက်နေရင်း ရန်ကုန်ကဆွေမျိုးတွေ
အတွက်အလုပ် ကြိုးစားရတော့ပင်ပန်းတာရယ်၊Quality Assurance
Auditor ဆိုတော့ ခရီးအရမ်းသွားရတာရယ်ကြောင့် သူ့ ရဲ့ကလေးMiscarriage
ဖြစ်သွားခဲ့ရတယ်လိုသိရတော့ကျွန်တော်တိုအားလုံးစိတ်မကောင်းကြပါ.
..သူအရမ်းမျှော်လင့်ထားတာလေ..မိုးစဲရင်တော့နေသာလာမှာ
ပါသူငယ်ချင်း...


သူ့ နာမည်လေးပါ
ဒါပေမဲ့သူ့ ကိုစိတ်ဆိုးမိတာတော့ရှိပါတယ်...သူ့ လို့ ကောင်းမွန်တဲ့သူငယ်ချင်းတွေ
ဘဲတွေ့ ခဲ့ရတော့လက်တွေ့ ဘဝမှာတွေ့ နေရတဲ့ Greedy Bear တွေကိုဘယ်လို
ဆက်ဆံရမှန်းမသိတော့လို့ ပါ....

သူ့ အကြောင်းတွေးမိရင်းနားထောင်ဖြစ်တဲ့သီချင်းတွေ...
သူနဲ့ ကျွန်တော်က ကျောင်း( ၃)ကျောင်းမှာအတူတူတက်ခဲ့ကြပါတယ်..
Padamya Building ရှေ့ ကဖြတ်တိုင်းသတိရမိတယ်.ကျောင်းတုံးက
အချိန်တွေကို....