Memories


Color of the leaves has changed again. When the life become grey, the only left thing is sweet memories.


Lonely tree

You





I am a visitor




Lonely Swan( Hinn Thar)

Lonely Swan( Hinn Thar)

ပန်းခြံထဲက ဘဲ၊ငန်းတွေကြားမှာအရမ်းလှတဲ့အကောင်လေးတကောင်ကိုတွေခဲ့ရပါတယ်။
ပုံတွေထဲကဟင်္သာပုံနဲ့ အရမ်းတူပါတယ်...
 

 ဖော်မဲ့ဟင်္သာ

 ဖော်မဲ့ဟင်္သာ

 အခုချိန်ကဆောင်းခိုငှက်တွေအသိုက်ပြောင်းချိန်လေ၊သူကတောဘဲရိုင်းတွေနဲ့ မရောဘဲသီးသီးသန့် သန့် 
လေးနေတာတွေ့ ရပါတယ်၊ဒါပေမဲ့ပန်းခြံမှာရှိတဲ့ ဘဲအဖြူတွေကတော့သူ့ အနားမှာပေါ့။ဘဲအဖြူတွေရှိတော့
တောဘဲရိုင်းတွေလဲသူ့ ဘက်ကိုသိပ်မလာကြတော့ပါ............


ဘဲတို့ အလယ်က ဟင်္သာ
နေရာပြောင်းချိန်မှာမလိုက်နိုင်တော့လိုကျန်ခဲ့တာလား၊ရေကြည်ရာမြက်နုရာဆိုနေခဲ့တာလားတော့
မသိနိုင်ပါ..............


ဘာတွေတွေးနေလဲ

အထီးကျန်
နောင်သူဘာဆက်လုပ်မှာလဲ......ဒီမှာအခြေစိုက်တော့မှာလား.....ဌာနေကိုပြန်မှာလား....ဟင်္သာကနေ
ဘဲဖြစ်တော့မှာလား..အားလုံးကိုသူမေ့သွားပြီလား...ကျွန်တော်တို့ မသိနိုင်ပါ ....
ကျွန်တော်တို့ တွေရော....

GYI သို့ 

Light & Window


ပြူတင်းပေါက်ကနေအပြင်ကိုငေးမောကြည့်ရတဲ့အရသာဟာဘာနဲ့ မှမလဲနိုင်ပါဘူး၊ပြင်ပသဘာဝ
အလင်းရောင်ဟာတကယ်တန်ဘိုးရှိပါတယ်၊တချက်လောက်ငေးကြည့်လိုက်ပါလားနော်..........


လှပတဲ့မြင်ကွင်းမြင်ရမယ်လေ


အလင်းရောင်
မှောင်မိုက်တဲ့နေရာရောက်ရင်အလင်းရောင်နည်းနည်းလေးကတောင်တန် ဘိုးရှိနေပါတယ်......



မြင်သာမှု
လုံးဝမလင်းတောင်အလင်းရောင်ရှိလာရင်ထင်သာမြင်သာရှိလာလို့ ကျွန်တော်ပျော်ပါတယ်


ကဗျာ
ပြူတင်းတံခါးပေါက်ရှိရင်တော့အလင်းရော..လှပတဲ့မြင်ကွင်းမြင်ရမယ်လေ။ကဗျာဖြစ်
ဘို့ ကတော့ကိုယ့်ခံစားနိုင်မှုဘဲပေါ့နော်...........

Yuki is coming


Yuki is coming

မနေ့ ကညကအရမ်းအေးမှန်းသိနေပေမယ့် Assignment ကိုက်
နေလို့ အပြင်ကို သတိမထားလိုက်မိပါ၊မနက်နိုးတော့လည်း စာဘဲ
ဆက်လုပ်နေမိတယ်၊အရမ်းအေးလို့ တံခါးကိုဖွင့်ကြည့်လိုက်တော့
အိမ်ရှေ့ ကတောင်တန်းမှာနှင်းဖုံးနေပြီ၊ညက -1 C ထိအေးသွား
 တယ်လို့ ပြောကြတယ်။


နှင်းကြားထဲမှနေရောင်လေး
အော် Yuki(Snow) ရယ်ဘာလို့ လာရတာလဲကွယ်၊မင်းလာ
တော့ကိုယ့်မှာ Heater ဘိုးထိတော့မယ်၊ရက်စက်လိုက်တာကွယ်



 နှင်းမိုးတွေ
 
 တစ်ညထည်းနဲ့ နှင်းဖုံးသွားတယ်

 နှင်းအောက်ကိုရောက်သွားပြီ
 
 မခွာနိုင်သေးသူ

နေရောင်မရှိတော့ပြီ

အနီးကတောင်တွေတော့နှင်းဖုံးကုန်ပြီ၊ရှေ့ အပတ်လောက်
ဆိုနှင်းပင်လယ်ကြီးဖြစ်တော့မယ်၊ဒီနှစ်ဆောင်းဝင်စော
တယ်နော်နေရောင်မရှိတဲ့ဆောင်းကာလကိုသဘောမကျ
မိတာတော့အမှန်ပါ....
 I miss Tropical Sun..........